အိမ်မဲမြို့နယ်တွင် ဆက်သွယ်ရေးလမ်းမကြီးအား ပေပေါင်း၁၄၀၀၀ရှိသည့်အနက်ပြည်သူများမှကိုယ်ထူကိုယ်ထပေ၇၀၀၀ခန့်ကျောက်ခင်းလမ်းဆောင်ရွက်ပြီး၍ ကျန်ရှိနေသောပေ၇၀၀၀ ခန့်အားသက်ဆိုင်ရာမှဆောင်ရွက်ပေးစေလို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် ဆက်သွယ်ရေးလမ်းမကြီးအား ပေပေါင်း၁၄၀၀၀ရှိသည့်အနက်ပြည်သူများမှကိုယ်ထူကိုယ်ထပေ၇၀၀၀ခန့်ကျောက်ခင်းလမ်းဆောင်ရွက်ပြီး၍ ကျန်ရှိနေသောပေ၇၀၀၀ ခန့်အားသက်ဆိုင်ရာမှဆောင်ရွက်ပေးစေလို






MNP  -   ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ရေငံကွင်းကျေးရွာအုပ်စု ရေငံကွင်းကျေးရွာရှိဝီရိယမဏ္ဍိုင်ကျောင်းတိုက်မှဆရာတော်ဝိလာသဂ္ဂမှ ဦးဆောင်၍ကျေးရွာနေပြည်သူများနှင့်ယခင်မြေသားလမ်းအား ကျောက်ခင်းလမ်းအဖြစ်ဆောင်ရွက်လျက်ရှိကြောင်း ဇန်နဝါရီ၂၆ရက်နေ့ကသိရသည်။


အဆိုပါ လမ်းမကြီးသည် အလျား  ၁၄၀၀၀ပေ ၊အနံ၁၅ ပေ၊ ထု၅လက်မရှိယခင် မြေသားလမ်းအား ရေငံကွင်းနှင့်အိမ်မဲမြို့သို့တိုက်ရိုက်ဆက်သွယ်ထားပြီး အိမ်မဲမြို့မှပုသိမ် ရန်ကုန် ကားလမ်းမကြီးနှင့်ဆက်သွယ်ထားသော လမ်းမကြီးဖြစ် သည်။ 


၎င်း လမ်းမကြီးကိုညောင်ငူကျေးရွာအုပ်စု၊ ရာဇူရိုးကျေးရွာအုပ်စု၊ ကျုံလဟာကျေးရွာ အုပ်စု၊ ရေငံကွင်းကျေးရွာအုပ်စု၊ ကျုံခရီးကျေးရွာအုပ်စုတို့မှကျေးရွာခွဲပေါင်း(၁၅) ရွာမှ ကျေးရွာနေ ပြည်သူပေါင်း(၅၀၀၀) ဝန်းကျင်ခန့်နှင့် ကျောင်းသားခလေးသူ ငယ်များ(၁၀၀၀)ကျော်၏နေ့စဉ်ဖြတ်သန်းသွားလာအသုံးပြုလျက်ရှိသောအဓိကလမ်းမကြီးဖြစ်သည်။


ယင်းဆက်သွယ်ရေးလမ်းမကြီးအားကျောက်ခင်းလမ်းပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ ရှိဝီရိယမဏ္ဍိုင်ကျောင်းတိုက်မှဆရာတော်ဝိလာသဂ္ဂမှ ဘုန်းဘုန်းတို့အနေနဲ့ခုလိုကျေးရွာနေပြည်သူများနဲ့တိုင်ပင်ပြီးဆက်သွယ်ရေးလမ်းမကြီးအား ကိုယ်ထူ ကိုမြေသားလမ်းဖြာကတော့မိုးရာသီဆိုရင် မြေသားလမ်းဖြစ်သည့်အတွက် ရွှံ့နှုန်းများအရမ်နေသည့်အတွက်သွားရေးလာရေးမှာ အရမ်းအခက်အခဲများနှင့်ကြုံတွေ့နေရပဖိနပ်ချွတ်ပြီးလမ်းလျောက်နေရတယ်၊ါတယ် စက်ဘီး ဆိုင်ကယ်စီးမရတဲ့အပြင်  ကျမ်းမာရေးကိစ္စ လူမူရေး ကိစ္စတွေ သွားလာရာမှာလဲ အခက်အဘုန်းဘုန်းတို့ကျေးရွသည့်အတွက် ဘုန်းဘုန်းတို့ကျေးရွာနေပြည်သူများနဲ့ပူပေါင်းပြီ ကိုယ်ထူကိုယ်ထဆောင်ရွက်နေတာပေ ၇၀၀၀ လောက်ပြီးနေပါပြီး ကျန်ရှိနေသေးသော ပေ၇၀၀၀ခန့်အား ပြည်သူများမှ စာဝတ်နေရေးအခက်ခဲများကြောင့် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး ဒီလမ်းမကြီးသာ ကျောင်ခင်းလမ်းဖြစ်သွားပါက ဘုန်းဘုန်းတို့ကျေးရွာရှိ ရဟန် ရှင် လူ ပြည်သူများမှာ လူမူရေး စီးပွားရေး ကျမ်းမာရေး ပညာရေးတို့အပြင် ဒေသထွက် စိုက်ပျိုးရေး လုပ်ငန်းများ ရောင်းဝယ်ရာတွင်လည်းကုန်စည်စီးဆင်းမူမြန်ဆန်ပြီး အဆင်ပြေစွာဖြတ်သန်းသွားလာနိုင်မှာဖြစ်ကြောင်း သိရသည်။



ထွန်းထွန်းနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)