မောက်မယ်မြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် ဆက်လက် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် ဆက်လက် ထိုးနှံပေး


MNP  -   ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မောက်မယ်မြို့နယ်၌   ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်၊ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေး အတွက်ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးမှု ကာလ(၅)လပြည့်ပြီးသော အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက စျေးတန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ ကာကွယ်ဆေးထိုးစုရပ်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 


ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထပ်ဆောင်း Booster Dose တတိယအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေးအား ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ဆရာ/ဆရာမများက  လိုအပ်သည်များကို ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။


စိုင်းမျိုးသန့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)