MNP - ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယမန်နေ့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးနှင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးနှင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့်သက်ဆိုင်ရာတာဝန်ရှိသူတို့ ပူးပေါင်းကာညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပါကြောင်း အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကို သက်ဆိုင်ရာဘာသာရပ်များ ပေါက်မြောက်အောင်မြင်အောင် သင်ကြားနိုင်ရေး၊ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အခက်အခဲမရှိဖြေဆိုနိုင်ရေး၊ ထူးချွန်စွာအောင်မြင်ရေးနှင့် တက္ကသိုလ်ဝင်အောင်ချက်ရာခိုင်နှုန်း မြင့်မားစေရေး၊ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံနိုင်ရေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment