MNP - ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အသက် (၅ နှစ်မှ ၁၂နှစ်အထိ) ကျောင်းသား/သူများအား (BoosterSinopharm) ထပ်ဆောင်းကာကွယ်ဆေး တတိယအကြိမ်ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ် မှုဖြင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဌာနမှ ပုသိမ်မြို့၊ အ.မ.က ၁၀ (ပုဂံကျောင်း) တွင် အသက် (၅ နှစ်မှ ၁၂နှစ်အထိ) ကျောင်းသား၊ ကျောင်းသူ (၅၃၈) ဦးတို့ကို (၈-၇-၂၀၂၂) ရက်နေ့တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခဲ့ပြီး ယခုတတိယအကြိမ်တွင်လည်း ဒုတိယအကြိမ်ထိုးနှံခဲ့သည့် စာရင်းအတိုင်း (၅၃၈) ဦးတို့ကို (Booster Sinopharm) ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံကြပေးခဲ့ကြသည်။ ကျန်ရှိသော ဝန်ထမ်းများနှင့်ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ များအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဟန်
https://t.me/MyanmarNationalPost
No comments:
Post a Comment