ဆိပ်ဖြူမြို့နယ်မှ စပါးစိုက်တောင်သူများ ကောက်ရိုး/ကောက်လှိုင်း များရောင်းချရခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ်မှ စပါးစိုက်တောင်သူများ ကောက်ရိုး/ကောက်လှိုင်း များရောင်းချရခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ


MNP  -  ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်မှ စပါးစိုက်တောင်သူများ မိုးစပါး ရိတ်သိမ်းအပြီး ထွက်ရှိသော ကောက်ရိုး/ကောက်လှိုင်းများအား ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။


ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းတွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၌ မိုးစပါး (၅၂၀) ဧကကို ဇူလိုင်လအတွင်း၌ စတင်စိုက်ပျိုးဆောင်ရွက်ခဲ့ကြပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် မိုးစပါးများကို ရိတ်သိမ်းဆောင်ရွက်ခဲ့ကြသည်။ စပါးစိုက်တောင်သူများအနေဖြင့် စပါးထွက်နှုန်းကောင်းမွန်ပြီး စပါးဈေးနှုန်း မှာလည်း ယခင်နှစ်ထက်ဈေးပိုရရှိကြောင်း၊ မိုးစပါးစိုက်ပျိုးရာမှ ထွက်ရှိသော ကောက်ရိုး/ကောက်လှိုင်းများကို တောင်သူများအနေဖြင့် မိမိတို့၏ ကျွဲ ၊ နွား တိရစ္ဆာန်အစာများအတွက် သိုလှောင်သိမ်းဆည်းကြသလို အခြား ကျွဲ၊ နွား မွေးမြူသူများမှ လာရောက်ဝယ်ယူခြင်းတို့ကိုလည်း ရောင်းချပေးနေရသည့်အတွက် မိသားစုအပိုဝင်ငွေ ရရှိကြောင်း၊ ယခင်နှစ်က တစ်ဧကစာ ကောက်ရိုး/ကောက်လှိုင်းကို (၆၀၀၀၀)ကျပ်  အထိသာဈေးရရှိပြီး ယခုနှစ်တွင်  တစ်ဧကစာ ကောက်ရိုး/ကောက်လှိုင်းကို(၈၀၀၀၀) ကျပ်အထိ ရောင်းချရသည့်အတွက် မိသားစု အပိုဝင်ငွေရရှိကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။


ကိုဇွဲ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)