အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ လဟယ်မြို့ အားကစား ကွင်းစံချိန်မီ အဆင့်မြှင့်တင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ လဟယ်မြို့ အားကစား ကွင်းစံချိန်မီ အဆင့်မြှင့်တင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP  -   ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့ ကျရောက်သော နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ တက်ရောက်ချီးမြှင့်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရီးစဉ်လမ်းညွန်မှုအရ လဟယ်မြို့ အားကစားကွင်းအား ပွဲကြည့်စင်၊ ပြေးလမ်းပါစံချိန်မီ ဘောလုံးကွင်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ကွင်းဆင်းအဖွဲ့သည်  နာဂဒေသစီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းတို့ လိုက်က်ပါ၍ ယမန်နေ့ နံနက် (၈)အချိန် လဟယ်မြို့ထေရဝါဒဗုဒ္ဓ သာသနာပြုဗဟိုကျောင်းတွင် လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ခြင်းအား ဗဟိုဆရာတော် ဘဒ္ဒန္တသုမနထံလည်းကောင်း၊ လဟယ်မြို့ သီလရှင်ကျောင်းအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လှူဒါန်းသည့် သုတ/ရသ စာအုပ်စာစောင်များနှင့် လှူဖွယ်ဝတ္ထု၊ လူဖွယ်ခြင်းတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ထို့နောက် လဟယ်မြို့ ရွှေပြည်သာ အားကစားကွင်သို့ သွားရောက်ပြီး လက်ရှိကွင်းကို ပြေးလမ်း/ ပွဲကြည့်စင်ပါ အဆင့် မြှင့်တင်နိုင်ရေး ကွင်းဆင်း၍ ကွင်းတိုင်တာထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စံချိန်မီ ကွင်းအဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် ဖြည့်စွက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)