ယင်းမာပင်၌ (၇၆)နှစ်​မြောက် ပြည်​ထောင်စု​နေ့အထိမ်းအမှတ် ဖူဆယ်​ဘောလုံးပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယင်းမာပင်၌ (၇၆)နှစ်​မြောက် ပြည်​ထောင်စု​နေ့အထိမ်းအမှတ် ဖူဆယ်​ဘောလုံးပြိုင်ပွဲများကျင်းပ



MNP  -   ဇန်နဝါရီ ၃၀

၂၀၂၃ ခုနှစ်၊ ​ဖေ​ဖော်ဝါရီလ ၁၂ ရက်​နေ့တွင် ကျ​ရောက်မည့်(၇၆)နှစ်​မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆို​သော အားဖြင့် စစ်ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်မြို့၊ ပြည်သူ့အားကစားကွင်းအတွင်း၌ ယမန်​နေ့ နံနက် ၈ နာရီအချိန်က ဖူဆယ်​ဘောလုံးပြိုင်ပွဲများ ကျင်းပ​ခဲ့ကြောင်း သိရသည်။


"အခုကျင်းပတဲ့ ဖူဆယ်​ဘောလုံးပြိုင်ပွဲ​တွေကို ခရိုင်စီမံအုပ်ချုပ်​ရေး အဖွဲ့ရဲ့ ဦး​ဆောင်မှုနဲ့ ကျင်းပ​ပေးတာဖြစ်ပါတယ်။ ခရိုင်နဲ့ မြို့နယ်ဌာနဆိုင်ရာများမှ အားကစားဝါသနာရှင်​တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ကြတာ ဖြစ်ပြီး ဆုရရှိတဲ့သင်း​တွေကို ပြည်​ထောင်စု​နေ့အခမ်းအနားမှာ ဆုများချီးမြှင့်​ပေးမှာဖြစ်ပါတယ်" ဟု မြို့နယ်ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်က ​ပြောသည်။ 


ဖူဆယ်​ဘောလုံးပြိုင်ပွဲများတွင် ​ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်များအား ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးဆန်း​မော်၊  အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းခိုင်ထွန်း၊ မြို့နယ်ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်နှင့် တာဝန်ရှိသူများက ကြည့်ရှု အား​ပေးခဲ့​ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)