(၆)မိုင်ကျေးရွာ၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်ဆရာတော်၏ အန္တိမဈာပနာ အခမ်းအနားအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းငွေ (၅)သိန်းကျပ် လွှဲပြောင်း လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၆)မိုင်ကျေးရွာ၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်ဆရာတော်၏ အန္တိမဈာပနာ အခမ်းအနားအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းငွေ (၅)သိန်းကျပ် လွှဲပြောင်း လှူဒါန်း


MNP   -  ဇန်နဝါရီ ၃၀

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက် ညနေ ၄ နာရီ ၁၇ မိနစ်အချိန်က (၉၆)ပါး ရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ် စု-(၆)မိုင်ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်၏ ဦးစီးပဓာနဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမ,  သက်တော်(၈၅)နှစ်၊ ဝါတော်(၆၀)ဝါ၊ (ဖခမည်းတော် ဦးညွန့်ဖေ၊ မယ်တော် ဒေါ်ဘီဇံ)၏ အန္တိမဈာပနာ အခမ်းအနားအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းငွေ(၅)သိန်းကျပ် လွှဲပြောင်းလှူဒါန်းခြင်းကို ယမန်နေ့က တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းအတွင်း ပြုလုပ်ရာ (၆)မိုင်ရွာ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဘဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်(လဝက)ရုံး ဦးစီးအရာရှိ ဦးမြင့်ကြွယ်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး (၆)မိုင်ရွာထေရဝါ ဒဗုဒ္ဓသာသနာပြု ကျောင်းတိုက် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဘဦးထံ တိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား) လှူဒါန်းငွေ(၅)သိန်းကျပ်ကို လွှဲပြောင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ဆရာတော်သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တသောမသည် သက်တော်(၈၅)နှစ်၊ ဝါတော်(၆၀)၊ (ဖခမည်းတော် ဦးညွန့်ဖေ၊ မယ်တော် ဒေါ်ဘီဇံ) တို့၏ မွေးချင်း(၇) ယောက်အနက် စတုတ္ထမြောက်သားရတနာဖြစ်၍ ငယ်နာမည်မှာ မောင်သန်းစိန်ဖြစ်ပြီး၊ (၁၀-၁-၂၀၂၃) ရက်နေ့ ညနေ ၄ နာရီ ၁၇ မိနစ်အချိန်တွင် ကျောင်းတိုက်အတွင်း (၉၆)ပါးရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သဖြင့် ဆရာတော်ဘုရား၏ အန္တိမဈာပန အခမ်းအနားကို (၁၆-၁-၂၀၂၃) ရက်နေ့ မွန်းလွဲ၁နာရီက ပူဇော်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)