သာပေါင်းမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက် အဦများ၊ စာသင်ကျောင်းများ မီးဘေးလုံခြုံကင်းရှင်းရေး ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက် အဦများ၊ စာသင်ကျောင်းများ မီးဘေးလုံခြုံကင်းရှင်းရေး ကြည့်ရှုစစ်ဆေး



MNP  -  ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ၊ စာသင်ကျောင်းများ မီးဘေးလုံခြုံကင်းရှင်းရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထိုသို့ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ၊ စာသင်ကျောင်းများ မီးဘေးလုံခြုံ ကင်းရှင်းရေး ကြည်ရှုစစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနိုင်လင်းထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်လက်ထောက် မီးသတ်ဦးစီး မှူး ဦးကျော်ဇင်ထက်နှင့် တပ်ဖွဲ့ဝင်တို့က လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းထားမှုရှိ မရှိ၊မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံး၊ အရေးပေါ် မီးငြှိမ်းသတ်ရေကန်များ စစ်ဆေးခြင်း၊ မီတာပုံးများ၊သုံးစွဲ သွယ်တန်းလျှပ်စစ်ဓာတ်ကြိုးများ ကောင်းမွန် မှုရှိ မရှိနှင့်အရည်အသွေး ကောင်းမွန်သည့် လျှပ်စစ်ဓာတ်ကြိုးများ ပြောင်းလဲသုံးစွဲရေးတို့ကို အကြံပြုကြည့်ရှုစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မျိုးဇော်သိန်း 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)