မြောက်ဦးမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းများ မြေပြင်ကွင်းဆင်းကောက်ယူမှု ဆက်လက် ဆောင်ရွက်လျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းများ မြေပြင်ကွင်းဆင်းကောက်ယူမှု ဆက်လက် ဆောင်ရွက်လျှက်ရှိ




MNP  -  ဇန်နဝါရီ  ၁၇

   ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများကွင်းဆင်းကောက်ယူခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က စတင်၍ အောင်တပ်အုပ်စုဖြစ်သော အောင်မင်္ဂလာရပ်၊မြို့သစ်ရပ်၊ ဗန္ဓုလရပ်တို့တွင် (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့က မြေမြင် ကွင်း ကောက်ယူလျှက်ရှိကြောင်း သိရသည်။


ထိုသို့ အိမ်ထောင်စုလူဦးရေစာရင်းများ မြေပြင်ကွင်းဆင်းကောက်ယူမှုကို (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ၏ ကြီးဆောင်မှုဖြင့် အိမ်ထောင်စု စာရင်းများ ကောက်ယူရာတွင်တိကျမှန်ကန်မှုရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်လျှက်ရှိသည်။ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများက စာရင်း ကောက် ယူ ရာတွင် မြေပြင်စာရင်းကောက်အဖွဲ့တို့မှ အိမ်ထောင်စုစာရင်း နှင့်မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်းမြေပြင်ကွင်းဆင်းစစ်ဆေးလျှက်ရှိ ကြောင်း သိရသည်။


မြင်စိုး ၊ စိုးငြိမ်းနိုင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)