ပုဏ္ဏားကျွန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသားလူငယ်များနှင့်စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသားလူငယ်များနှင့်စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်




MNP  -   ဇန်နဝါရီ ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့၊ နေ့လယ် ၁၂ နာရီက စာရေးဆရာ ဥက္ကာဖြိုးရေးသားတဲ့ ယဉ်ကျေးလိမ္မာ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ် ခဲ့ကြသည်။


ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများတို့ပွားလာစေရန်နှင့်စာဖတ်စွမ်းရည်မြှင့် မားလာစေရန်ရည်ရွယ်ချက်တို့ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ် ကြောင်းရှင်းလင်းပြောကြားခဲ့သည်။


        ထိုနောက် အခြေခံပညာမူလတန်းလွန်(မြို့သစ်)ကျောင်းမှ Grade-7 ကျောင်းသား/သူ​လေးများက ယဉ်ကျေးလိမ္မာစာအုပ်ပါ အကြောင်းအရာများ ဖတ်ရှုကြပြီး၊ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်ဦးစီးအရာရှိနှင့်စာကြည့် တိုက်လက်ထောက်-၃ ဒေါ်ဦးညွန့်ရီတို့က ပြန်လည်ရှင်းလင်းဖတ်ကြားပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)