MNP - ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့၏ ကျက်သရေဆောင် အမ်း -မအီလမ်းမြို့အဝင်(၁) မိုင်ကုန်းတော်ပေါ်၌တည်ထား ကိုးကွယ်လျက်ရှိသော သဗ္ဗဇယျမုနိ ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးကုန်းတော်ပရဝုဏ်အတွင်း၌ အများသူငှာ စိတ်ချမ်းမြှေ့စွာဖြင့်ဘုရားဖူးကုသိုလ်ယူ အပန်းဖြေနိုင်စေရန်ယနေ့နံနက် (၇) နာရီအချိန်တွင် အမ်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းကုသိုလ်ယူ သန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
အဆိုပါသန့်ရှင်းသာ ယာလှပရေးစုပေါင်း ဆောင် ရွက်ခြင်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိ ယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ ကဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက် နှင့် အဖွဲ့ဝင်များ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန် ထမ်းများက ပူးပေါင်း၍ ဘုရားကုန်းတော်ပရဝုဏ်အတွင်းသန့်ရှင်းသာယာလှပရေးအတွက် ခြုံနွယ် ပေါင်းမြက်များအားခုတ်ထွင်ရှင်းလင်းခြင်းအမှိုက်ကောက်ခြင်းများဆောင်ရွက်ကာ စုပေါင်း ကုသိုလ်ယူဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဆက်လက်ပြီး သဗ္ဗဇယျမုနိ ထိုင်တော်မူရုပ်ပွားကြီး၏ပုလ္လင်တော်နှင့်ရင်ပြင်တော်ရှိ ဆေးရောင်များမှေးမှိန်နေသောအစိတ်အပိုင်းများအားဆေးရောင်များဖြင့်ရောင်တော် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment