မိုးညိုမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မီးဘေးသင့်ပြည်သူများအား ကျေးရွာအရောက်သွားရောက်ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မီးဘေးသင့်ပြည်သူများအား ကျေးရွာအရောက်သွားရောက်ထောက်ပံ့



MNP  -  ဇန်နဝါရီ   ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မှက္ကတန်ကျေးရွာတွင်ဖြစ်ပွားခဲ့သော မီးဘေးမှမီးဘေးသင့်အိမ်‌ထောင်စုများအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှတာဝန်ရှိသူများက ထောက်ပံ့ရေးပစ္စည်းများကို ယမန်နေ့က ကျေးရွာအရောက်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။


ထိုသို့ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ဌေးနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူမီးဘေးသင့်နေအိမ်(၁၅)လုံးမှ မိသားစုများ နေအိမ်ပြန်လည်ဆောက်လုပ်ရန်နှင့် လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန်အတွက် အိမ်ထောင်စုတစ်စုလျှင်  အိမ်ဆောက်ပစ္စည်းမျိုးစုံပါအိတ်(၁)အိတ်၊ တစ်ကိုယ်ရည်သုံးပစ္စည်းများပါဝင်သည့် (Hygiene Kit)တစ်ပုံး၊ အဝတ်အစားနှင့်မိသားစုသုံးပစ္စည်းများပါဝင်သည့် (Family Kit)တစ်ပုံး၊ ရေပုံး(၁)ပုံးစသည့်‌ ထောက်ပံ့ပစ္စည်းများအား မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)