မြောက်ဦးမြို့ တော်ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ အမှိုက်ကောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ တော်ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ အမှိုက်ကောက်




MNP  -  ဇန်နဝါရီ ၁၅

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့တော်ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အတွက်မြို့နယ်အဆင့်ဌာန      ဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ယမန်နေ့က မြောက်ဦးမြို့ နန်းတော်ရာကုန်းအနီးရှိ ခြုံနွယ် ပိတ်ပေါင်း များ၊ စွန့်ပစ်အမှိုက်များ၊ သစ်ပင်အကိုင်းအခက်များနှင့် ပလစ်စတိတ်အိတ် များကို ရှင်းလင်း ဆောင်ရွက်လျှက်ရှိ ကြောင်း သိရသည်။


ထို့နောက် မြောက်ဦးမြို့ရှိ နန်းတော်ရာကုန်း အတွင်းအပြင်ရှိအမှိုက်များ ၊ ခြုံနွယ် ပိတ်ပေါင်းများ၊ စွန့်ပစ်အမှိုက်များ၊ သစ်ပင်အကိုင်းအခက်များ နှင့် ပလစ်စတိတ်အိတ်များကို ဌာနဆိုင်ရာဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များ တို့ပူးပေါင်း၍ ရှင်းလင်းလျှက်ရှိသည်။


အဆိုပါ နန်းတော်ရာကုန်းရှိ ခြုံနွယ် ပိတ်ပေါင်းများ၊ စွန့်ပစ်အမှိုက်များ၊ သစ်ပင်အကိုင်းအခက်များနှင့် ပလစ်စတိတ်အိတ်များရှင်းလင်းရာ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက် ဦးဆောင်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များတို့ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)