MNP - ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးကျော်စိုးမိုးနှင့်အတူ ဒိုက်ဦးမြို့နယ်၊ အမှတ် (၁)ဈေးပိုင်းရပ်ကွက်၌ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များမှ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် လူဦးရေစာရင်းကောက်ယူနေမှုအား ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှမြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းအား SOPနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး ဝိုင်းဝန်း ပူးပေါင်းကြပ်မတ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment