တနင်္သာရီမြို့နယ် အ-လ-က လယ်တောင်ယာကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ် အ-လ-က လယ်တောင်ယာကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ


MNP  -  ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ လယ်တောင်ယာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသူ/သားများ ကာယ/ ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေး ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကျောင်းသားမိဘ/အုပ်ထိန်းသူများ၊ ဆုရကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အ-လ-က လယ်တောင်ယာ Grade-9 ကျောင်းသူ/သားများက ပြည်မြန်မာသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးသွယ်နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးတင်ယုက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်များကို ပြောကြားပေးကြသည်။


ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အထိမ်းအမှတ်နေ့များ စာစီစာကုံးပြိုင်ပွဲဆုနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသူ/သား (၆)ဦးနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသည့် ကျောင်းသူ/သား(၈)ဦး တို့အား ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ တာဝန်ရှိသူများက ဆုတံဆိပ်များ အသီးသီးချီးမြှင့်ပေးကြသည်။


ဆက်လက်၍ အ-လ-က လယ်တောင်ယာရွာမှ ကျောင်းသူ/သားများက အတန်းလိုက်အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ကျောင်းသား/မိဘများက အားပေးကြည့်ရှုကြပြီး ဆုတော်ငွေများချီးမြှင့်ပေးကြကာ အခမ်းအနားကို Grade-9 ကျောင်းသား မောင်ပြည်သူစိုးက မြတ်ဆရာသီချင်းဖြင့် ဂုဏ်ပြုသီဆို၍ နံနက် ၁၁ နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)