MNP - ဇန်နဝါရီ ၁၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကြိုတင်ကာကွယ် သတိပြုနိုင် ကြစေရန် အတွက် အသိပညာပေး နှိုးဆော်ကြေညာခြင်း ကို ပေါင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယနေ့နံနက်ပိုင်း က Hand Speakerဖြင့်မြို့ပေါ်ရပ်ကွက်များအတွင်းအသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများ အနေဖြင့်ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုနှုန်းလျော့နည်း ကျဆင်းမှုရှိပြီးအခြားနိုင်ငံများတွင်ထပ်မံတွေ့ရှိသည့် မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်ပွါးမှုကိုကြိုတင် ကာကွယ်နိုင်ရန် အတွက် ပြည်သူများ အနေဖြင့်ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ကြရန်နှင့်ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်လွှမ်းခြုံနိုင်မှုအပြည့်အဝရရှိစေရန်၊ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာပြည်သူများအနေဖြင့်မပျက်မကွက် အကြိမ်
ရေပြည့်ဝစွာထိုးနှံပေးကြပါရန်အသိပညာပေးနှိုးဆော်ခြင်းကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment