MNP - ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ပြည်သူများ သက်ရှည်ကျန်းမာစေရန်နှင့် မူးယစ်ဆေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဇန်နဝါရီ ၁၀ ရက်၊ ယနေ့နံနက် ၉ နာရီက မြို့မစည်ပင်သာယာဈေးနှင့် မြို့တွင်းလူစည်ကားရာနေရာများတွင် စုရပ်ပြုလုပ်ကာ ကွမ်းစားခြင်း၊ ဆေးလိပ်သောခြင်း အလေ့အထလျော့ချနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာများ စိုက်ထူ၍ အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးစေရန်နှင့် သက်ရှည်ကျန်းမာစေရေးအတွက် ကွမ်းယာ၊ ဆေးလိပ်သုံးစွဲခြင်းကြောင့် ကျန်းမာရေး ဆိုးကျိုးဖြစ်စေသည့် မှတ်တမ်းဓာတ်ပုံများပါဝင်သော ပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပြီး ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း အလေ့အထလျော့ချနိုင်ရေး ဆင်ခြင်သတိပြုရမည့် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် မြို့တွင်း လူစည်ကားရာ နေရာများသို့ သွားရောက်ပြီး မြို့တွင်းဖြတ်သန်းသွားလာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို တွေ့ဆုံ၍ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကို ပညာပေး ဆွေးနွေးဟောပြောကာ ကွမ်းစားသုံးခြင်းနှင့် ဆေးလိပ်သောက်ခြင်း အလေ့အထလျော့ချနိုင်ရေး ပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြပြီး မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းတွင် ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ပွင့်ဖြူ- စလင်း- မင်းဘူး- မကွေးသွားကားလမ်း လေးတိုင်စင်လမ်းဆုံအနီးတွင် ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း အလေ့အ ထလျော့ချနိုင်ရေး အသိပညာပေး ဗီနိုင်းပိုစတာများကို စိုက်ထူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment