ဘူးသီးတောင်မြို့နယ်၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲကျင်းပ






MNP  -   ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင်၂၀၂၂-၂၀၂၃ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဘူးသီးတောင်မြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။


အခမ်းအနားကို အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ Grade-8 ကျောင်းသား၊ ကျောင်းသူလေးများက နှလုံးသားကိုအလှဆင်ပါသီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။


ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိန်ထွန်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ ပညာရေးဌာန ဆရာ၊ ဆရာမများ၊ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး၊ ယခုကဲ့သို့ ထူးချွန်ကျောင်းသားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ကျောင်းသားတို့မှ ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်နှင့်အဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်း အုပ်ကြီးများက၂၀၂၂-၂၀၂၃ပညာသင်နှစ်ဂုဏ်ထူး ရကျောင်းသား/သူများ၊ ခရိုင်လက်ရွေးစင်နှင့် ပြည်နယ်ရွှေတံဆိပ်ဆုရကျောင်းသား/ ကျောင်းသူများ အားကစားဆု၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့် ဘက်စုံဆုရကျောင်းသား/သူများ၊ မြို့နယ်အဆင့် လူရည်ချွန်ကျောင်းသား/သူများကို ဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား/ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ကပြ၊ သီဆိုဖျော်ဖြေခဲ့ကြ ကြောင်းသိရသည်။


လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)