နတ်မောက်မြို့နယ် သာယာအေးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် သာယာအေးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေး




MNP  -  ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန်ရည်ရွယ်၍  သာယာအေးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ  ပဉ္စမစက်ဝန်း ပြန်လည်ထုတ်ချေးခြင်းကို  ယနေ့နံနက် ၈ နာရီခွဲ အချိန်ခန့်က အဆိုပါကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ကျင်းပခဲ့သည်။


ရှေးဦးစွာ  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးဝင်းသူရက အတိုး၊ အရင်းများကို သတ်မှတ်ရက်အတွင်း အချိန်မီပေးသွင်းနိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးရွာနေပြည်သူများထားရှိရမည့် ကျေးရွာစိတ်ဓာတ်တို့နှင့်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဥပဒေ၊ နည်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များထံ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ခဲ့သည်။


အဆိုပါ သာယာအေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဉ္စမစက်ဝန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၄၆)ဦးအား ရန်ပုံငွေ ၁၄ဒဿမ ၆သန်း၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ (၅၂)ဦးအား ရန်ပုံငွေ ၂၀ ဒဿမ ၈ သန်း၊ အရောင်းအဝယ် လုပ်ကိုင်သူ(၄)ဦးအား ရန်ပုံငွေ ၁ ဒဿမ ၆ သန်း စုစုပေါင်း အသင်းသားအသင်းသူ ၁၀၂ ဦးထံသို့ ရန်ပုံငွေ ၃၇ဒဿမ ၀ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)