MNP - ဇန်နဝါရီ ၃၀
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား ကျောင်းပိတ်ရက်များတွင်အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရေးအတွက်၊ ပြည်သူ့စာကြည့်တိုက်ကို ယုံကြည်အားကိုးလာရောက်သည့် လူငယ်လူရွယ်များအား ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော်ရွှင်စေရေးအတွက် အားကစားပြိုင်ပွဲများကို ယမန်နေ့ကဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပုံမှန်လာရောက်လေ့လာကြသည့် ကျောင်းသားလူငယ်များအား မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများတို့က အပြေးပြိုင်ပွဲ၊ ကြက်ဖခွပ်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ဖားခုန်တမ်းပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ကြိုးခုန်ပြိုင်ပွဲနှင့် ခြင်းလုံခတ်ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့သည်။
ထိုပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်၊ ခဲတံနှင့်အာဟာ မုန့်များတိုက်ကျွေးခဲ့ပြီး ပြိုင်ပွဲများကို အပတ်စဉ်ကျောင်းပိတ်ရက်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
နော်ခူး
https://t.me/MyanmarNationalPost
No comments:
Post a Comment