MNP - ဇန်နဝါရီ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက “ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့က ကလေးအလုပ်သမားအကြောင်း၊ သတ်မှတ်အသက်အရွယ်နှင့် သတ်မှတ်အလုပ်ချိန်များ၊ ကလေးသူငယ်များ၏ အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးလုပ်သားများကို ခိုင်းစေမှု၊ ကလေးအလုပ်သမားများအတွက် ဘေးအန္တရာယ်ရှိသည့်လုပ်ငန်းခွင်များ၊ ကလေးအလုပ်သမားများနှင့် ပတ်သက်ပြီး ကာကွယ်ပေးထားသည့် ဥပဒေဆိုင်ရာသိကောင်းစရာများ စသည့်အကြောင်းအရာများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု TalK Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းသူအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment