က‌လေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး (Talk Show)ကို လူထုအ‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

က‌လေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး (Talk Show)ကို လူထုအ‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆောင်ရွက်


MNP   -   ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယု အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးရဲလင်းထွဋ်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးသူငယ်နှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်ပါ အခွင့်အရေးနှင့် မသန်စွမ်းကလေးနှင့်ပတ်သက်ပြီး ရရှိနိုင်သည့် အခွင့်အရေးဆိုင်ရာများ အကြောင်းအရာများ ဆွေးနွေးခဲ့သည်။


အဆိုပါဆောင်ရွက်ခြင်းကို Online စနစ်ဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာ‌ပေး ‌Talk Show အစီအစဉ်များကို We love Monghsu Facebook Page တွင် စီစဉ်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။


သန်းလူ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)