ပခုက္ကူတွင် ကြက်သွန်နီ ဈေးကွက်တည်ငြိမ်မှုမရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူတွင် ကြက်သွန်နီ ဈေးကွက်တည်ငြိမ်မှုမရှိ



MNP  -   ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်း တင်ပို့ရောင်းချသည့် ကြက်သွန်နီများ ဈေးနှုန်းတည်ငြိမ်မှုမရှိကြောင်း ကြက်သွန်စိုက်တောင်သူများထံက သိရသည်။


မြန်မာ့ထွက်ကုန်ဖြစ်သည့်ကြက်သွန်နီများကို ပခုက္ကူနှင့်ဆိပ်ဖြူမြို့နယ်ဒေသများမှ တောင်သူတွေထံက အများဆုံးဝင်ရောက်လာကြောင်း၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအတွင်း ကြက်သွန်ဝင်ရောက်မှုပျမ်းမျှပိဿာချိန်ပေါင်းအများဆုံး ၁၃၀၀၀၀ ကနေ ၄၀၀၀၀ ခန့်အထိ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ ယခုလအစောပိုင်းကာလများ၌ ကြက်သွန်နီတစ်ပိဿာကို အများဆုံး ၃၃၀၀ ကျပ်အထိရှိခဲ့ပြီး ယနေ့တွင် အများဆုံးငွေကျပ် ၁၅၅၀ မှ ၈၀၀ခန့်အထိရှိကြောင်း၊ ပြည်တွင်းဝယ်ယူစားသုံးမှုနှင့်ပြည်ပ နိုင်ငံများထံ တင်ပို့ရောင်းချနိုင်မှုအခြေအနေတို့ပေါ်မူတည်ပြီး ကြက်သွန်ဈေးအတက်အကျရှိကာ ဈေးနှုန်းတည်ငြိမ်မှုမရှိသေးကြောင်း ပခုက္ကူခရိုင်ကုန်စိမ်းလိုင်းခွဲကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းထံက သိရသည်။    


“ယခုနှစ်တွင် ကြက်သွန်နီစိုက်ခင်းတစ်ဧကလျှင် ကျင်းပေါင်း၁၉၈ကျင်းစီဖြင့် နှစ်ဧကစိုက်ပျိုးထားကြောင်း၊ ကြက်သွန်နီတစ်ဧကအတွက် စိုက်စရိတ် ၁၂၀၀၀၀၊ အလုပ်သမားခ ၁၃၀၀၀၊ မြေဩဇာထည့်စရိတ် ၁၂၀၀၀၀၊ လယ်ထွန်းစရိတ် ၁၄၀၀၀၀၊ နွားရှင်းခ ၂၀၀၀၀၊ ရေသွင်းစရိတ် ၁၁၀၀၀၊ ပေါင်းသတ်ဆေးဖြန့်စရိတ် ၁၀၀၀၀၀၊ ရိတ်သိမ်းစရိတ် ၃၀၀၀၀၀နှင့် အခြားလုပ်ငန်းများအတွက် အရင်းအနှီးစုစုပေါင်းငွေကျပ်(၁၂)သိန်းကျော်ကုန်ကျခဲ့ကြောင်း၊ ကြက်သွန်နီတစ်ကျင်းတွင် ပိဿာချိန်၂၀ထွက်ရှိပြီး ရောင်းချနေဆဲကာလဖြစ်သောကြောင့် အမြတ်ရရှိငွေရရှိမှုတန်ဖိုးခန့်မှန်း၍ မရနိုင်သေးကြောင်း” ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်လာရောက်ရောင်းချသူ တောင်သူတစ်ဦးက ပြောပြသည်။


မြန်မာ့ထွက်ကုန်ကြက်သွန်မှာ ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပနိုင်ငံများကိုလည်း တင်ပို့ရောင်းချနေရကြောင်း၊ ကြက်သွန်ကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးလုပ်ကိုင်ကြပြီး အညာဒေသကျေးရွာများရှိ သဲချောင်းနေရာများနှင့် မြစ်ကမ်းနံဘေးနေရာတို့တွင် ရေသွင်းစနစ်ဖြင့် အဓိကစိုက်ပျိုးကြကြောင်း ပခုက္ကူခရိုင် ကုန်သည်ပွဲစားများအသင်းထံက သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)