MNP - ဇန်နဝါရီ ၂၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၅)လပြည့်ပြီးသော အသက် (၅) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများအား (Myancopharm) ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (Booster dose) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပေါက်တော-အ.ထ.ကကျောင်းစုရပ်အပါအဝင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျောင်းအခြေပြုအသက်(၅)နှစ်မှ အသက်(၁၂)အတွင်း ကျောင်းသား/ကျောင်းသူများအား ပညာသင်ကြားရာတွင် ကောင်းမွန်စွာသင်ကြားနိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်ပညာရေးမှူးနှင့်ဆရာ/ဆရာမများ၊ကျန်းမာရေးဝန်ထမ်းများမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးလျက်ရှိကြောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရသည် သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment