MNP - ဇန်နဝါရီ ၂၄
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အသင်းရဲ့လူငယ်ကစားသမား ဂါနာချိုနဲ့ ပတ်သက်ပြီး “ဂါနာချို ဟာ အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်နိုင်ပါတယ်။ သူ့လိုကစားသမားမျိုး ပရီးမီးယားလိဂ်မှာ ကစားသမားတွေ အများကြီးရှိတာကို မတွေ့ဖူးပါဘူး၊ သူက ကစားသမားတွေကို တစ်ယောက်ပြီး တစ်ယောက် ကျော်ဖြတ်နိုင်တာက အရည်အချင်းတစ်ခုပါ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တန်ဟတ်က “တိုးတက်မှုအတွက် နေရာရှိပါသေးတယ်။ အသင်းမှာ ဘယ်လိုကစားရမယ်ဆိုတာ ပြီးခဲ့တဲ့လတွေမှာ သူ သင်ယူခဲ့ပါတယ်” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment