ရှမ်းရွာသစ်မြို့တွင် ဒေသထွက်ဓနိဖက်ထိုးခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့တွင် ဒေသထွက်ဓနိဖက်ထိုးခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ


MNP  -  ဇန်နဝါရီ ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ရှိ တောင်သူများသည် တစ်ပိုင်တစ်နိုင် ဒေသထွက်ဓနိဖက်ထိုးခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစိုအပိုဝင်ငွေရရှိကြောင်း သိရသည်။


ရှမ်းရွာသစ်မြို့တွင် မိုးရာသီကာလတွင် ဝါးဓနိနှင့်ဆောက်လုပ်သည့် နေအိမ်များ၊ တောင်ယာတဲများ၊ အမိုးအကာများ၊ မွေးမြူရေးခြံများ ပြန်လည်ပြုပြင်ဆောင်ရွက်ရန်အတွက် ဓနိဖက်ထိုးခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီလတွင် စတင်လုပ်ကိုင်ကြောင်း၊ ယခုအချိန်တွင် ဓနိခုတ်သူများ၊ ဓနိထိုးသူများ၊ လက်လုပ်လက်စားသမားများအတွက်အဆင်ပြေကြောင်း၊ ခုတ်ပြီးသားဓနိများကို မိမိတို့၏နေအိမ်များသို့ယူဆောင်ကာ မိသားစု စုပေါင်းဓနိထိုးခြင်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ကာ မိသားစုအလိုက် လုပ်အားခဝင်ငွေရရှိကြောင်း၊ ယခင်နှစ်တွင် ဓနိဖက်တစ်ရာလျှင် ငွေကျပ်တစ်သောင်းထိရှိပြီး ယခုနှစ်တွင် တစ်သောင်းငါးထောင်ထိရသောကြောင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဓနိဖက်လုပ်ငန်းလုပ်ကိုင်သည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။


ရှမ်းရွာသစ်မြို့အနီးရှိ ကျေးရွာများတွင် ဓနိပင်များအလေ့ကျပေါက်ရောက်ပြီး ဇန်နဝါရီလမှ ဒီဇင်ဘာလတွင် ရင့်သောဓနိရွက်များကိုခုတ်ပြီး မိသားစုလိုက် အိမ်တွင်တစ်နိုင်တစ်ပိုင် လုပ်ကိုင်ရောင်းချသောကြောင့် အပိုဝင်ငွေရရှိကြောင်း သိရသည်။


ဇင်လေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)