မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ကျင်းပ


MNP  -   ဇန်နဝါရီ   ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ် ချက်နှင့်လူမှောင်ခိုလူကုန်ကူးမှုဆိုသည်မှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အဓမ္မခေါ်ဆောင်ခြင်း၊ လိမ်လည်ခြင်း၊ အာဏာအသုံးပြုခြင်း၊ ရပ်တည်ရန်ခက်ခဲသောအခြေအနေကို အလွဲသုံးစား ပြုလုပ်ခြင်းစသည်တို့ပါဝင်ကြောင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်ထွန်းထွန်းမော် (တရားလွတ်တော်ရှေ့နေ)က လူကုန်ကူးမှု အမျိုးအစားများ၊လူကုန်ကူးမှုစုဆောင်းပေးသည့် နည်းလမ်းများနှင့်လူကုန်ကူးမှုကျူးလွန်ပါက ပြစ်မှု၊  ပြစ်ဒဏ်များကျခံရမည့်  ဥပဒေအကြောင်းအရာများနှင့်   ပြည်သူများကလည်း လူမှောင်ခိုလူကုန်ကူးမှု ပပျောက်ရေးနှင့် တားဆီးကာကွယ်သွားရန်အတွက် မိမိတို့တတ်စွမ်းသမျှ ပါဝင်ကာ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။


မြစ်သားမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ပြည်သူများ  အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေး(Talk Show)အစီအစဥ်များကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပြည်သူများသိသင့်သိထိုက်သည့်အကြောင်းအရာများကို လစဥ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ရဲနိုင်ဦး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)