ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များနှင့်ဆုံးဖြတ်ချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များနှင့်ဆုံးဖြတ်ချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေး




MNP  -   ‌ဇန်နဝါရီ    ၃၀

ပြန်ကြားရေးဝန်ကြီးဌာန ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏( ၃၂) နှစ်မြောက် နှစ်ပတ်လည်နေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးနှင့်  လမ်းညွှန်ချက်များ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်ဌာန မှတာဝန်ရှိသူများ၏ မှာကြားချက်များနှင့်အစည်းအဝေးဆုံးဖြတ်ချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်းကို ရခိုင်ပြည်နယ် ပြည်နယ်ဦးစီးမှူးက ဦးဆောင်၍   ယနေ့ နံနက် ၁၀ နာရီကVirtual စနစ် ဖြင့် ကျင်းပပြုလုပ်ခဲ့​သည်။

    

ရှေးဦးစွာ ရခိုင်ပြည်နယ် ပြည်နယ်ဦးစီးမှူး ဦးတင်ကိုဝင်းက ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏လမ်းညွှန်မှာကြားချက်များ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများ၏ညွှန်ကြားချက်များ ၊ ရခိုင်ပြည်နယ်အတွင်း ၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု အားသာချက်/အားနည်းချက်များ၊ ၂၀၂၃ ခုနှစ်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။

    

ဆက်လက်၍ ပြည်နယ်ဦးစီးမှူး က ၂၀၂၃ ခုနှစ်တွင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ၊ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အရည်အသွေးများ ပြည့်ဝ‌လာအောင် လေ့ကျင့်ပျိုးထောင်နိုင်ရေး ၊လေ့ကျင့်သင်ကြား ထိန်းကျောင်းတည့်မတ်နိုင်ရေး ၊အုပ်ချုပ်မှု ၊စီမံခန့်ခွဲမှု အရည်အသွေးများ မြင့်မားတိုးတက်အောင် သင်ကြားနိုင်ရေး၊လူငယ်နှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲများ၊စကားဝိုင်းများ၊ ပြပွဲ/ပြိုင်ပွဲ များကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေးနှင့်ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် သင်တန်းများဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ရေး စသည့် အချက်များအပေါ်အခြေခံ၍ စီမံချက်များရေးဆွဲပြီးအကောင်အထည်ဖော်နိုင်ရေးတို့ကို ဆက်လက်ဆွေးနွေးမှာကြားခဲ့သည်။

    

အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အစည်းအဝေး မှ ဆုံးဖြတ်ချက်များ ၊လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်လင်းဆွေးနွေးပွဲ သို့ရခိုင်ပြည်နယ် အတွင်းရှိ ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးများမှ ခရိုင်ဦးစီးမှူးများ၊ ခရိုင်/မြို့နယ်ဦးစီးအရာရှိများ၊ ဒုတိယဦးစီးမှူးများ၊ ဓာတ်ပုံကျွမ်းကျင်-၂များနှင့် ဝန်ထမ်းများ စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)