MNP - ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယနေ့နံနက် ၉နာရီအချိန်မှစ၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များမှ ကလေးငယ်များအား အင်အားဖြည့် ဗီတာမင်(A)၊ သံချဆေးတိုက်ကျွေးခြင်းနှင့်ကိုယ်အလေးချိန်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက် ၆ လမှ ၅နှစ်အောက်အရွယ်ကလေးများအား ဗီတာမင်(A)ဆေးတိုက်ကျွေးခြင်း၊ အသက် ၂နှစ်မှ ၅ နှစ် အောက် ကလေးများအား သံချဆေးတိုက်ကျွေးခြင်းနှင့် မွေးစမှ အသက် ၅ နှစ်အောက်ကလေးများအားကိုယ်အလေးချိန်ပေးခြင်းလုပ်ငန်းများကို ယနေ့မွန်းတည့် ၁၂နာရီအချိန်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး
https://t.me/MyanmarNationalPost



No comments:
Post a Comment