သံတောင်ကြီးမြို့ လမ်းညွှန်ဆိုင်းဘုတ်ပြုလုပ်ရန် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့ လမ်းညွှန်ဆိုင်းဘုတ်ပြုလုပ်ရန် ကွင်းဆင်းဆောင်ရွက်



MNP  -    ဇန်နဝါရီ  ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည်  တောင်စခန်းဖြစ်သည့်အားလျော်စွာ   မြို့သန့်ရှင်းသာယာလှပရေးနှင့် လမ်းညွှန်ဆိုင်းဘုတ်ပြုလုပ်ရန်အတွက်  ယနေ့နံနက်ပိုင်းကမြို့နယ်စီပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဝေဖြိုးမောင်နှင့်အငယ်တန်းအင်ဂျီနီယာ (၂) ဦးကံချားတို့ကကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ သံတောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေးအတွက် တောင်ငူ-သံတောင်ကြီးသွားကားလမ်းဘေးဝဲယာရှိ ခြုံနွယ်မြက်ပင်များခုတ်တွင်ရှင်းလင်းခြင်း၊ ပေါက်နေသည့်ကတ္တယာလမ်းများ အားပြန်လည်ဖာထေးခြင်း၊ ခရီးသွားပြည်သူများအလွယ်တကူသွားရောက်လိုသည့်နေရာများကို သိရှိစေရန် လမ်းညွှန်စိုက်ဘုတ်များဆောင်ရွက်မည့် နေရာအားသတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


နော်နော်မူ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)