တာမွေမြို့နယ်တွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ







MNP  -   ဇန်နဝါရီ    ၃၀

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဗဟိုအသင်းမှ တာဝန်ရှိသူများနှင့် ခရိုင်လေးခရိုင်မှ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများ တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို ရုံးဝင်းအတွင်းရှိ မေတ္တာစံအိမ်ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးစည်သူမောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို ဥက္ကဋ္ဌ ဦးစံရှိန်က အသင်း၏ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း ဆွေးနွေးတင်ပြခဲ့သည်။ 


ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန ရန်ကုန်ပြန်လည်ထူထောင်ရေးစခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး စခန်းမန်နေဂျာ ဒေါ်ခင်ဆွေလှိုင်က မူးယစ်ဆေးစွဲသူများအား ပြန်လည်ထူထောင်မှုခံယူနိုင်ရန်အတွက် ပြန်လည် ထူထောင်ရေးစခန်းများမှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပြီး ကျောင်းသားလူငယ်ထု ဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောနှင့် ဗဟို အသင်းအလုပ်အမှုဆောင် ဘဏ္ဍာရေးမှူး စာရေးဆရာ မြေလတ်ထင်ကျော်မိုးတို့က မုဒိတာစကားနှင့် ကျေးဇူးတင် စကားများကို အသီးသီး ပြောကြားခဲ့ကြသည်။ 


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် မေတ္တာ စံအိမ်၌ ဖွင့်လှစ်ထားသည့် FREE GYM အားကစားခန်းမတွင် မူးယစ်ဆေးဖြတ် သင်တန်းသားများ အားကစား ပြုလုပ် သည့် စက်ကြီးများဖြင့် လေ့ကျင့်ဆော့ကစားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌနှင့် အသင်း သား/သူများ၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မေတ္တာစံအိမ်ရှိ မူးယစ်ဆေးဖြတ် သင်တန်းသားများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)