MNP - ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း၊ သာမန်ပြင်ထိန်းခွင့်ပြုရန်ပုံငွေကျပ် ၈၅၈၅၀၀၀၀ ဖြင့် ကတ္တရာခင်းခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် တံတားချဲ့ခြင်းလုပ်ငန်းများကို ယမန်နေ့ ၁၀ နာရီ က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်ထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ်ဒေါက်တာနေမိုး၊ မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းတို့က အထက(ခွဲ)ညောင်အိုင်ကျောင်း၌ အသက် ၅ နှစ်မှ ၁၈ နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် အမှတ်( ၃)ရပ်ကွက် ညောင်အိုင်စာ သင်ကျောင်းရှေ့လမ်း အရှည်ပေ ၅၀၀၊ အကျယ် ၁၄ ပေကတ္တရာခင်းခြင်းလုပ်ငန်း၊ အမှတ်(၄) ရပ်ကွက် မဟာဗန္ဓုလ လမ်းအရှည်ပေ ၅၀၀၊ အကျယ် ၁၄ ပေကတ္တရာခင်းခြင်း၊ အမှတ်(၅) ရပ်ကွက် အောင်မင်္ဂလာလမ်း အရှည်ပေ ၅၀၀၊ အကျယ် ၁၄ ပေကတ္တရာခင်းခြင်း၊ အမှတ်(၁) ရပ်ကွက် ဘက်စုံလမ်း အရှည်ပေ ၅၀၀၊ အကျယ် ၁၄ ပေကတ္တရာခင်းခြင်း၊ အမှတ်(၂)ရပ်ကွက် ကျွန်းရွှေဝါလမ်း အရှည်ပေ ၅၀၀၊ အကျယ် ၁၂ ပေကတ္တရာထပ်ပိုး လွှာခင်းခြင်း၊ အမှတ်(၂) ရပ်ကွက် ထပ်ဆင့်လွှင့်ရုံလမ်း အရှည် ၄၃၀ ပေ၊ အကျယ် ၁၂ ပေကတ္တရာထပ်ပိုးလွှာခင်း ခြင်းနှင့် အမှတ်( ၃)ရပ်ကွက် ကန်လျှိုတံတား (ဝဲ/ယာ)ချဲ့ခြင်းလုပ်ငန်းများအား လိုက်လံစစ်ဆေးခဲ့ရာ မြို့နယ်စည် ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးလွင်နှင့်အင်ဂျင်နီယာမှူးတို့က လုပ်ငန်း များဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ က ပြည်သူများ လမ်းပန်းဆက်သွယ် သွားလာမှုပိုမိုကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန်၊ လမ်းများ ရေရှည်ကောင်းမွန်စေရေး ဆောင်ရွက်ရန်နှင့်ကန်လျှိုတံတား သံလက်ရန်းများအစား ကွန်ကရစ်ပေါင်ဖြင့် ပြင်ဆင်ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း
https://t.me/MyanmarNationalPost



No comments:
Post a Comment