MNP - အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌ အားကစားအသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ၁နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အမာရှိန်က စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှု အန္တရာယ်စသည့် လူငယ်လူရွယ် များနှင့် ပတ်သက်သည့် လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်အိအိခိုင်က အားကစားအဓိပ္ပါယ်၊ အားကစား အမျိုးအစားများ၊ အားကစား ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ အားကစားသိပ္ပံကျောင်းတက်ရောက်မည့်သူများ အရည်အချင်း သတ်မှတ်ချက်ဆိုင်ရာများ စသည့်အကြောင်း အရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများနှင့်အတူ အားကစားသရုပ်ပြခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်များကိုပြသခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment