MNP - ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ညောင်ငူကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာရှိ ပညာမဉ္ဇရီ ကျောင်းတိုက်ဆိပ်ကမ်းသို့ ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် တပ်မတော်နယ် လှည့်ဆေးကုသရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်း၊ ရေယာဉ်စုမှူး ဗိုလ်မှူး အောင်ဇော်မင်းနှင့် အရာရှိစစ်သည်(၈၅)ဦး ပါဝင်သော ဆေးရုံရေယာဉ် “ရွှေပုစွန်” ပါ ရေယာဉ်(၃)စီး ဆိုက်ရောက်လာရာ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီးထက်အောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးဝေလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများမှ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြောင်း သိရသည်။
ဒုတိယ ဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့်အဖွဲ့သည် ဆေးရုံရေယာဉ်နှင့် ဆိပ်ကမ်းတို့တွင်အခြေပြုလျက် အထက်ပါ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဇောတိကအား ဖူးမြှော် ကြည်ညို၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ခြင်း တို့ဆောင်ရွက်ပြီး ဒေသခံပြည်သူများအား (ECG)စက်၊ တယ်လီဗေး ရှင်း ဓါတ်မှန်စက်၊ ဓါတ်မှန်စက်၊ ဓာတ်ခွဲစက်တို့ဖြင့် စုစုပေါင်း စမ်းသပ်လူနာ(၅၀)ဦး (ကျား ၁၆ ဦး၊ မ ၃၄ ဦး) (မျက်စိ ၁၉ ဦး၊ အရိုး/အကြော ၁၅ ဦး၊ သွား ၃ ဦး၊ အထွေထွေ ၁၃ ဦး) တို့အား အခမဲ့စမ်းသပ်ပေးခဲ့ကြောင်း သိရသည်။
ပညာမဉ္ဇရီကျောင်းတိုက် ဆိပ်ကမ်းတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့ ရေယာဉ်(၃)စီး ညအိပ် ရပ်နားစဉ် အမှတ်(၉၃) ခြေလျင်တပ်ရင်းမှ တပ်ကြပ်ကြီး ဌေးအောင် ဦးစီး(၅)ဦး၊ ရွှေလောင်းနယ်မြေ ရဲစခန်းမှူး ရဲတပ်ကြပ် နေလင်းအောင် ဦးစီး(၅)ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းတိုး ပါ(၁၀)ဦး တို့က လုံခြုံရေးဆောင်ရွက်လျက်ရှိပြီး ၂၁ ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment