ကျွန်းစုမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြောပွဲကျင်းပ




MNP  -   ဇန်နဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကပကျေးရွာအုပ်စု၊ ကပကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


“မိမိတို့ ဒေသရပ်ရွာရှိ ကလေးသူငယ်တိုင်းကို သူတို့အပေါ် ကျရောက်လာမဲ့ အန္တရာယ်တွေကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရန်၊ ကလေးများအပေါ် လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ ခေါင်းပုတ်ဖြတ်ခြင်းခံရသော ကလေးများအား နိုင်ငံတော်နှင့် ပြည်သူများအားလုံးက ကာကွယ်စောင့်ရှောက်ပေးရန်၊ ကလေးသူငယ်များအတွက် အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ပေးရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း” မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က ပြောသည်။


ဟောပြောပွဲသို့ ကပကျေးရွာမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ ပညာရေး ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ကလေးသူငယ် အခွင့်အရေးများ၊ ဝန်ကြီးဌာန၏ စီမံဆောင်ရွက်ထားရှိမှုများ၊ ကလေးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း တရားစီရင်ရေးနှင့် ပြစ်မှုပြစ်ဒဏ်များကို အကျယ်တဝင့် ပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။


စည်သူရအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)