MNP - ဇန်နဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ရွှေမြင်ထင်ဘုရားဝင်း၌ ယနေ့နံနက် ၇ နာရီအချိန်က လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်၏ ဦးဆောင်မှုဖြင့် လောင်းလုံးမြို့နယ်၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများဝန်ထမ်းများ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ရပ်မိရပ်ဖများစုပေါင်း၍ ကျောင်းဝင်းအတွင်းပေါင်းမြက်များထူထပ်ခြင်း၊ ခြုံနွယ်များထူထပ်ခြင်းတို့ကြောင့် ရောဂါပိုးမွှားအန္တရာယ်ကင်းရှင်းစေရေး၊ သန့်ရှင်းသာယာစိမ်းလန်းစိုပြေစေရေးရည်ရွယ်၍ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ ပေါင်းမြက်များ၊ အမှိုက်သရိုက်များဖယ်ရှားရှင်းလင်းပေးခြင်း၊ အမှိုက်သရိုက်များအား မော်တော်ယဉ်များဖြင့် သတ်မှတ်အမှိုက်စွန့်ပစ်သည့်နေရာများသို့ သွားရောက်စွန့်ပစ်ပေးခြင်း စသည့်လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment