MNP - ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ (နိုင်ငံတော်ထောက်ပံ့ငွေ)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကြွေချိုင်ကျေးရွာ၊ဗြုန်းလမ်းခင်းခြင်းလုပ်ငန်းအား မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်နှင့် ဝန်ထမ်းများက ယနေ့၊ နေ့လယ်ပိုင်းက ကြွေချိုင်ကျေးရွာ အုပ်စုအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကြွေချိုင်ကျေးရွာ ဗြုန်းလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ (နိုင်ငံတော်ထောက်ပံ့ခွင့်ပြု ရန်ပုံငွေ) (၁၀.၇၈)ကျပ်သန်း အကုန်ကျခံခဲ့ပြီး လမ်းအရှည် (၂၃၅၀)ပေ၊အကျယ် (၁၃)ပေ၊လမ်းထု (၆)လက်မ ရှိကာ ကျေးရွာကော်မတီဝင်များက တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost


No comments:
Post a Comment