မွန်ပြည်နယ်ဝန်ကြီးချုပ် ​​မော်လမြိုင်မြို့၊ အ​ထွေ​ထွေ​ရောဂါကုပြည်သူ့​ဆေးရုံကြီး၊ ကင်ဆာ​ရောဂါကုသ​ဆောင်တွင် ကျန်းမာ​ရေး​စောင့်​ရှောက်ပေးမှု အ​ခြေအ​နေများအားကြည့်ရှုပြီး အလှူ​ငွေများ၊ ဆေးဝါးများနှင့် အာဟာရ ဖြည့်စွက်စာများ ​ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ​​မော်လမြိုင်မြို့၊ အ​ထွေ​ထွေ​ရောဂါကုပြည်သူ့​ဆေးရုံကြီး၊ ကင်ဆာ​ရောဂါကုသ​ဆောင်တွင် ကျန်းမာ​ရေး​စောင့်​ရှောက်ပေးမှု အ​ခြေအ​နေများအားကြည့်ရှုပြီး အလှူ​ငွေများ၊ ဆေးဝါးများနှင့် အာဟာရ ဖြည့်စွက်စာများ ​ပေးအပ်လှူဒါန်း





MNP   -   ဇန်နဝါရီ ၃၁

မွန်ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုများကို အရည်အသွေး ပြည့်မီစွာရရှိစေရေး အထူးအ​လေး​ထား ဆောင်ရွက်​လျက်ရှိ​ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိ သူများသည် ယမန်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့၊ အ​ထွေ​ထွေ​ရောဂါကုပြည်သူ့​ဆေးရုံကြီး၊ ကင်ဆာ​ရောဂါ ကုသ​ဆောင်သို့​ရောက်ရှိခဲ့ကြပြီး ကင်ဆာဆေးသွင်း ကုသမှုပေးခြင်း၊ ကင်ဆာ​ရောဂါ ကျန်းမာ​ရေး​စောင့်​ရှောက်လုပ်ငန်းများ ​ဆောင်ရွက်​ပေးခြင်း အခြေအ​နေများကို ကြည့်ရှုအား​ပေးခဲ့ကြသည်။


ထို့​နောက်ပြည်နယ်ဝန်ကြီးချုပ်က ကင်ဆာ​ရောဂါကုသ​ဆောင်၌ တက်​ရောက်​ဆေးကုသမှု ခံယူလျက်ရှိသည့် ကင်ဆာ​ရောဂါ​ဝေဒနာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံအား​ပေးစကား​ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ကင်ဆာ​ရောဂါ​ဝေဒနာရှင်များအတွက် လိုအပ်သည့်​ဆေးဝါးများနှင့် အာဟာရ ဖြည့်စွက်စာများ ​ပေးအပ်လှူဒါန်းခဲ့ကြသည်။


ထို​နောက် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ အ​ထွေ​ထွေ​ရောဂါကု ပြည်သူ့​ဆေးရုံကြီး၊ ကင်ဆာ​ရောဂါ ကုသ​ဆောင်အတွက် အလှူ​ငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ကင်ဆာ​ရောဂါ​ဆောင် ပြင်ပ​ဆေးကုသဌာနတွင် ကျန်းမာ​​ရေး​စောင့်​ရှောက်မှုများ ​​ဆောင်ရွက်​ပေး​နေခြင်းအ​ပေါ် ကြည့်ရှု အား​ပေးခဲ့ကာ ကျန်းမာ​ရေးဦးစီးဌာန၊ ကုသ​ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်​တွေ့ဆုံ၍ ​ဆေးရုံအတွက် လိုအပ်သည်များကို ဖြည့်​ဆည်း​ဆောင်ရွက်​ပေးခဲ့သည်။


မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အ​ထွေ​ထွေ​ရောဂါကုပြည်သူ့​ဆေးရုံကြီး၊ ကင်ဆာ​ရောဂါကုသ​ဆောင်တွင် ကင်ဆာရောဂါ ကျန်းမာ​ရေး​စောင့်​ရှောက်ကုသမှုများ ​ဆောင်ရွက်​ပေးလျက်ရှိရာမှ တစ်နှစ်ထက်တစ်နှစ် ဆေးကုသမှုခံယူသော ကင်ဆာရောဂါဝေဒနာသည်များ ထပ်မံများပြားလာခြင်း​ကြောင့် ခုတင်(၅၀)ဆံ့ ကင်ဆာ​ရောဂါဆေးကုသဆောင်(၂)နေရာ တိုးချဲ့ခဲ့ပြီး မွန်ပြည်နယ်သာမက နီးစပ်ရာကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်း​ဒေသကြီးတို့မှ ကင်ဆာရောဂါ ဝေဒနာရှင်များကိုပါ ကျန်းမာ​ရေး​စောင့်​ရှောက်မှု​လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ ကုသဆောင်ရွက်​ပေး​လျက်ရှိ​ကြောင်း သိရှိရသည်။


ခင်စန်းမြင့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)