ဝေါမြို့နယ်၌ ရှေးဦးပြုစုခြင်း(အခြေခံမွမ်းမံ)သင်တန်းဆင်း ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့နယ်၌ ရှေးဦးပြုစုခြင်း(အခြေခံမွမ်းမံ)သင်တန်းဆင်း ဆုချီးမြှင့်ပွဲကျင်းပ


MNP   - ဇန်နဝါရီ ၃၁

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဝေါမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံမွမ်းမံ) သင်တန်းဆင်း ဆုချီးမြှင့်ပွဲအား ဝေါမြို့ အခြေခံပညာအထက်တန်းကျောင်း(ဝေါအရှေ့)၌ ယနေ့ ၁၁ နာရီက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ကြက်ခြေနီသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


အဆိုသင်တန်းသို့ အ.ထ.ကဝေါအရှေ့ကျောင်း၊ အောင်သုခကျောင်း၊ အဗျားဘိုတဲကျောင်းတို့မှ သင်တန်းသား/သင်တန်းသူ(၈၂)ဦး တက်ရောက်ပြီး သင်တန်းနည်းပြ၏ရှေးဦးပြုစုခြင်းနှင့် ပတ်သက်၍ စာတွေ့၊ လက်တွေ့၊ ပညာများအား (၂၈-၁-၂၀၂၃) မှ (၃၁-၁-၂၀၂၃) ရက်နေ့အထိ လက်တွေ့သရုပ်ပြသင်ကြားပေးခဲ့ကြောင်းသိရသည်။


အောင်မြတ်လင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)