အထကမိုင်းနောင်တွင် စာသင်ကျောင်းအခြေပြု မီးဘေးကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ခြင်းသရုပ်ပြပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အထကမိုင်းနောင်တွင် စာသင်ကျောင်းအခြေပြု မီးဘေးကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ခြင်းသရုပ်ပြပွဲ ဆောင်ရွက်




MNP  -   ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ကျောင်းအခြေပြု မီးဘေးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ခြင်းသရုပ်ပြပွဲကို ယမန်နေ့နေ့လည်(၁)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မိုင်းနောင်နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ကျော်ဇင်ဦးက စာသင်ကျောင်းများတွင် ကြိုတင်ဆောင်ရွက်ထားရှိရမည့် မီးဘေးကာကွယ်ရေးလုပ်ငန်းများ၊ မီးဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ကျောင်းသားလူငယ်များ သိထားသင့်သော မီးဘေး၊ ရေဘေး၊ သဘာဝဘေးအန္တရာယ် အသိပညာပေးများ ရှင်းလင်းဟောပြောကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး မင်းမင်းက မီးလောင်ခြင်းအမျိုးမျိုးအပေါ် အရေးယူနိုင်သည့် ဥပဒေများအကြောင်း ရှင်းလင်းပေးခဲ့ကြောင်း သိရှိရသည်။


ဆက်လက်၍ မီးသတ်ဦးစီးဌာန တာဝန်ရှိသူများသည် ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဗူး လက်တွေ့အသုံးပြုခြင်း၊ မီးငြိမ်းသတ်ခြင်းများကို လက်တွေ့ပြသခြင်းများ ဆောင်ရွက်ကာ စာသင်ကျောင်းအဆောက်အဦများတွင် မီးဘေးအန္တရာယ်ဖြစ်စေနိုင်သော မီးကြိုးများ၊ မီးဘေးကာကွယ်ရေးပစ္စည်းထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။


မနန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)