MNP - ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ နှစ်စဉ်ကျင်းပလေ့ရှိသော ရိုးရာကျွဲခတ်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍ မြို့နယ်အားကစားကွင်း၌ လာရောက်လည်ပတ်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
အဆိုပါ ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာကျွဲခတ်ပွဲသို့ မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ လာရောက်ယှဉ်ပြိုင်ကြပြီး မိမိတို့ယှဉ်ပြိုင်လိုသော ကျွဲများကိုကွင်းအတွင်းသို့ခေါ်ဆောင်လာပြီး တစ်ကောင်နှင့်တစ်ကောင် ခေါင်းချင်းဆိုင်ကာ ဦးချိုဖြင့် ခတ်ဝှေ့တိုက်ခိုက်စေပြီး ကွင်းအတွင်းမှ ထွက်ပြေးသောကျွဲအား အရှုံးအဖြစ်သတ်မှတ်၍ အနိုင်ရရှိသောကျွဲများကို သက်ဆိုင်ရာတာဝန်ရှိအကြီးအကဲများမှ ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှမ်းရိုးရာကျွဲခတ်ပွဲသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)မိုင်းခတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရာဇာထွန်း၊ မိုင်းယန်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကျွဲခတ်ပွဲကို ဇန်နဝါရီ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ ငါးရက်အကြာ စည်းကာသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းထူး
https://t.me/MyanmarNationalPost


No comments:
Post a Comment