MNP - ဇန်နဝါရ ၃၁
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့ဘုရားကြီးကျောင်းတိုက်ရှိ ဗုဒ္ဓမြတ်စွယ်တော်၏ (၇၅)ကြိမ်မြောက် စိန်ရတုဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် ဒေသစာရီ ကြွချီပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စတင်ကျင်းပပြုလုပ်သည်။
ဗုဒ္ဓမြတ်စွယ်တော် ဒေသစာရီကြွချီအပူဇော်ခံရာတွင် ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၁၀နာရီက ဥက္ကံမြို့ဘုရားကြီးကျောင်းတိုက်မှ တိုက်ကြီးမြို့နယ် မြို့လယ်ပြည်လုံးချမ်းသာစေတီတော် ဘုရားလေး သာသနာ့ဗိမာန်တော်တွင် ဒေသခံပြည်သူများ ဖူးမျှော်နိုင်ရေး ညအိပ်ရပ်နားအပူဇော်ခံမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၇နာရီမှ စတင်၍ မြို့နယ်အတွင်းသို့ လှည့်လည်အပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပယ်တော်မူရာ မြို့လယ်ပြည်လုံးချမ်းသာစေတီတော် ဘုရားလေး သာသနာ့ဗိမာန်တော်၌ ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၉ နာရီအထိ ပြည်သူများလာရောက်ဖူးမျှော်နိုင် ကြောင်းနှင့် အလှူငွေများအား စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
စန်းကလျာခိုင်
https://t.me/MyanmarNationalPost



No comments:
Post a Comment