ဂွမြို့နယ်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့စတင်ပင့်ဆောင် ပူဇော်ချိန်၌ သံဃာတော်များနှင့် ဝတ်အသင်းအဖွဲ့များက အောင်ခြင်း၈ပါးနှင့်ဓဇဂ္ဂသုတ်အား ရွတ်ပွားပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့စတင်ပင့်ဆောင် ပူဇော်ချိန်၌ သံဃာတော်များနှင့် ဝတ်အသင်းအဖွဲ့များက အောင်ခြင်း၈ပါးနှင့်ဓဇဂ္ဂသုတ်အား ရွတ်ပွားပူဇော်

 






MNP  -  ဇန်နဝါရီလ  ၂၆

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ယနေ့နံနက်  ၈နာရီ ၁၀မိနစ်အချိန်က မင်းတောင်စေတီတော် ရင်ပြင်ထက်၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတု တော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက် သို့ စတင် ပင့်ဆောင် ပူဇော်ချိန်တွင် မြို့နယ်အတွင်းရှိဆရာတော်၊ သံဃာတော်များနှင့် ဝတ်အသင်းအဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက အောင်ခြင်း၈ပါးနှင့်ဓဇဂ္ဂသုတ်အား ရွတ်ပွားပူဇော်ခဲ့ကြကြောင်းသိရသည်။


အဆိုပါအခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုပူဇော်ကြပြီး ဆရာတော်၊ သံဃာတော်များက အတွင်း အောင်ခြင်း ၈ပါး ပါဠိတော်ကို ရွတ်ဆိုပွားပြီးနောက် ဝတ်အသင်းအဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများက အပြင်အောင်ခြင်း၈ပါးကို ရွတ်ဆိုခဲ့ကြပြီး ပရိတ်ကြီး၁၁ သုတ်မှ ဓဇဂ္ဂသုတ်အား ဆက်လက် ရွတ်ပွားပူဇော်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများက ပင့်ဆောင်သံဃာတော်များအားလှူဒါန်းဖွယ်ရာ အစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု"

သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားအောင်မြင်စွာ ပြီိးမြောက်ခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)