MNP - ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့၊ မြို့ပေါ်(၈)ရပ်ကွက်အတွင်း နေထိုင်သည့် အသက်(၇၅)နှစ်အထက် သက်ကြီးရွယ်အိုများ သက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက် တာမိုးညဲ ပြည်သူ့စစ်ဌာနေ၊ မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌဦးမြင့်လွင်က ယမန်နေ့က အာဟာရ ဖြစ်စေမည့် စားသောက်ဖွယ်ရာများကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့လှူဒါန်းရာတွင် အဖိုး/အဖွား တစ်ဦးလျှင် အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများဖြစ်သော မုန့်ပုံး(၁)ပုံး၊ အိုဗာတင်း(၁)ဗူး၊ ကွေကာအုပ်(၁)ထုပ်နှင့် ဝမ်းတီးနို့ဆီ(၂)လုံးစီတို့ကို အသက်(၇၅)နှစ်အထက် သက်ကြီး ရွယ်အို(၃၆၉)ဦးတို့အား လှူဒါန်းခဲ့ပြီး စုစုပေါင်း ငွေကျပ် (၁၄၃)သိန်းခန့် တန်ဖိုးရှိစားသောက်ဖွယ်များ ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ လှူဒါန်းရာတွင် သွားလာနိုင်သည့် သက်ကြီးရွယ်အိုများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသို့ ဖိတ်ကြား၍လည်းကောင်း၊ သွားလာရန်ခက်ခဲသည့် သက်ကြီးဘိုးဘွားများကို တာမိုးညဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ရေးမှူး ဦးမျိုးမင်းဌေး၊ တာမိုးညဲ ပြည်သူ့စစ်ဌာနေ ဒု-ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့များက အိမ်တိုင်ရာရောက် သွားရောက်၍လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခေါန်မိုင်
https://t.me/MyanmarNationalPost



No comments:
Post a Comment