မြို့သစ်မြို့တွင် ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့တွင် ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက်



MNP  -  ဇန်နဝါရီ  ၃၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း လျှပ်စစ်ဓါတ်အားသုံးစွဲသည့် ပြည်သူများလျှပ်စစ်ဓာတ်အား ပြည့်ဝစွာအသုံးပြုနိုင်ရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုလျှော့ချနိုင်ရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲသူမရှိစေရန်အတွက် မြို့သစ်မြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်မှူးနှင့် ဝန်ထမ်းများက မနားမနေဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ဆိုဒ်သေးသည့် လျှပ်စစ်ဓါတ်အားလိုင်းကြိုးများကို ဆိုဒ်ကြီးသည့် လျှပ်စစ်ဓါတ်အားလိုင်းကြိုးများဖြင့်လဲလှယ်ခြင်း၊ ထရန်စဖော်မာများပြုပြင်ထိန်းသိမ်းခြင်း၊ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ မီတာများအားကွင်းဆင်းစစ်ဆေးခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထို့အပြင်၁၁/၀.၄ ကေဗွီထရန်စဖော်မာများ ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ၁၁ကေဗွီဓာတ်အားလိုင်းများနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုစစ်ဆေးခြင်းလုပ်ငန်းများကို လည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သန်းဝင်းထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)