ကျွန်းလှမြို့နယ်တွင် ဆောင်းကုလားပဲစိုက်ခင်းအတွင်း ယူရီးယားနှင့် လက်ချားအသုံးပြုနည်း ကွင်းသရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်တွင် ဆောင်းကုလားပဲစိုက်ခင်းအတွင်း ယူရီးယားနှင့် လက်ချားအသုံးပြုနည်း ကွင်းသရုပ်ပြပွဲကျင်းပ



MNP  -   ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းမွန်စေရန်အတွက် ယူရီးယားနှင့် လက်ချားဖျော်စပ် အသုံးပြုနည်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်က မကျီးအင်း ကျေးရွာ၊ တောင်သူ ဦးထွန်းဇော်ဦး၏ ကုလားပဲစိုက်ခင်း၌ ကျင်းပသည်။


ကွင်းသရုပ်ပြပွဲတွင် ယူရီးယားနှင့် လက်ချားအချိုးကျ ဖျော်စပ်အသုံးပြခြင်းဖြင့် ကုန်ကျစရိတ်နှင့် လုပ်အားခသက်သာခြင်း၊ အာဟာရဓာတ်ပါဝင်မှု သေချာခြင်း၊ ပန်းပွင့်များ၍ ပန်းပွင်းကာလရှည်ခြင်း၊ သီးတောင့်များပြီး အစေ့အရည် အသွေး ကောင်းခြင်း၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း တောင်သူများအား မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ‌ရှင်းလင်းပြောကြားသည်။


အဆိုပါ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြပွဲများကျင်းပခြင်း၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲနည်း၊ ယူရီးယားဓာတ်မြေဩဇာ ဈေးသက်သာ စွာဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် မတ်ပဲ ၁၁၇၂၃ ဧက၊ ထောပတ်ပဲ ၁၂ ဧက၊ ကုလားပဲ ၂၃၇ ဧက၊ စားတော်ပဲ ၈၀၇၁ ဧက၊ စွန်တာပြာ ၂၁၁၅ ဧက၊ ပဲရာဇာ ၄၅၈ ဧက၊ စုစုပေါင်း ၂၂၆၁၆ ဧက (၈၆ ဒသမ ၂၁) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မျိုးဝင်းညို 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)