ပန်ဆောင်ကျေးရွာ၌ တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်ဆောင်ကျေးရွာ၌ တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ




MNP  -    ဇန်နဝါရီ ၃၀

ကျေးလက်နေပြည်သူများ လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ လားဟူတိုင်းရင်းသားများနှင့် လွယ်လတိုင်းရင်းသားများ နေထိုင်သည့် ပန်ဆောင်ကျေးရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဟောင်းတွင် ယမန်နေ့က ဒေသခံတိုင်းရင်းသားပြည်သူများအား တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းမှ ယခုလာရောက်ခြင်းမှာ ကျိုင်းတုံခရိုင်မှ သက်ဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များနှင့်အတူ ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများအား ခေတ်မှီစိုက်ပျိုးနည်းပညာများ ဆွေးနွေးပို့ချပေးခြင်းနှင့် တောင်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ဆွေးနွေးပြီး ကျိုင်းတုံခရိုင် မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်ဌေးရီမှ ဓါတ်မြေဩဇာအချိုးကျ အချိန်ကိုက်သုံးစွဲခြင်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများ၊ မျိုးစေ့တာဝန်ခံ ဒေါ်လဲ့ရီထွန်းမှ မျိုးကောင်း၊ မျိုးသန့် သုံးစွဲရေးနှင့် ကိုယ်တိုင်ထုတ်လုပ်နိုင်မည့် နည်းပညာများ၊ သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်လဲ့လဲ့ထွန်းမှ ငမြှောင်တောင်ဖျက်ပိုးကျရောက်မှု မရှိစေရေးနှင့် ကာကွယ်ရေး နည်းလမ်းများ၊ မိုင်းပေါက်မြို့ဦးစီးမှူး ဒေါ်မြသန္တာဝင်းမှ စပါး၊ အစေ့ထုတ်ပြောင်းနှင့် ပဲပုပ်စိုက်ပျိုးနည်းစနစ်များ အသီးသီး ပညာပေး ဆွေးနွေးပို့ချခဲ့ကြသည်။


ထို့နောက် တက်ရောက်လာကြသော တောင်သူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုများအား တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆွေးနွေးကာ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်) မျိုးစေ့များ ထောက်ပံ့ပေးအပ်ပြီး စိုက်ပျိုးရေးနည်းပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။


ခွန်ရဲထွေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)