MNP - ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် “သီလဝိသောဓနီခဏ္ဍ” သိမ်တော်မြတ်ကြီး ကျောင်းလွှတ်ပူဇော်ပွဲနှင့် “ဂုဏဝိသေဋ္ဌပူဇာ” အကြိုဓမ္မသဘင်ကို ယမန်နေ့ ည(၁၉)နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ ပဓာနိကာရာမ ကျောင်းတိုက်ဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဓမ္မသဘင်အခမ်းအနားတွင် ပဓာနိကာရာမကျောင်းတိုက်မှ သာသနဓဇဓမ္မာစရိယ၊ စာချဆရာတော် အရှင်ဓမ္မသာမိမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောဖော်ညွှန်ပြ ဆုံးမပေးတော်မူခဲ့ပြီး တရားနာပရိတ်သတ်ပေါင်း (၁၀၀၀)ခန့် လာရောက် တရားနာယူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဓမ္မသဘင်အခမ်းအနားကို ယနေ့ညတွင်လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး သာသနဓဇဓမ္မာစရိယ၊ Dip(B.Dh)၊ B.A(B.Dh)၊M.A(B.Dh-Thesis)၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၊ မရမ်းကုန်းမြို့နယ်(ရန်ကုန်)မှ ဆရာတော် အရှင်တေဇာနန္ဒမှ တရားရေအေးအမြိုက်ဆေးများကို ဆက်လက်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment