MNP - ဇန်နဝါရီ ၃၀
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ ဂုဏ်ပြုအထိမ်းအမှတ် “ချင်းအမျိုးသားနေ့” အကြိုဟောပြောပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်မောင်လွင်မက ချင်းအမျိုးသားနေ့ အကြိုဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ချင်းအမျိုးသားနေ့အကြောင်းကို အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးဟိုင်ဆန်းက ဟောပြောသည်။
အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ ၊ ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment